Local News

မော်လမြိုင်မြို့ပေါ် ကြက်သွန်နီပွဲရုံများ၏ ဈေးနှုန်းဈေးကွက်

Last Updated:

မွန်ပြည်နယ်တွင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိမှု မရှိသော်လည်း မြစ်သား၊ မုံရွာဘက်မှ ကြက်သွန်နီများအား ဝယ်ယူရောင်းချသော ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာ ဖြစ်ပေါ်နေပါသည်။ ကြက်သွန်နီဝယ်ယူရောင်းချသော ပွဲရုံများ၏ မော်လမြိုင်မြို့ပေါ် ကြက်သွန်နီ တစ်ပိဿာအရောင်း ဈေးနှုန်းမှာ ၂၀၂၅ ဇူလိုင် ပထမပတ်တွင် မြစ်သားကြက်သွန်နီ (အကြီး) ၂၂၀၀ ကျပ်၊ (အလတ်) ၂၀၀၀ ကျပ်၊ (အငယ်) ၁၃၀၀ ကျပ် နှင့် မုံရွာကြက်သွန်နီ (အကြီး) ၁၇၀၀ကျပ်၊ (အလတ်) ၁၆၀၀ ကျပ်နှင့် (အငယ်) ၁၁၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။
ဖော်ပြပါကြက်သွန်နီဈေးနှုန်းမှာ ၂၀၂၅ မေလ ၂၈ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့အချိန်ထိ ဈေးနှုန်း အတက်/အကျ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း ကြက်သွန်နီပွဲရုံများ၏ဈေးကွက်အတွင်းမှ သိရှိရသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

 

 

Category: Local News